၁၈၁၇ ခုနှစ်၊ ဧပြီလတွင် အင်္ဂလန်နိုင်ငံ ဂလော်ချက်စတာရှိုင်းယားမြို့ (Gloucestershire) ၌ လမ်းပျောက်နေသူ မိန်းမငယ်တစ်ဦးသည် ထူးဆန်းသောအဝတ်များဝတ်လျက်၊ လူမသိသော ဘာသာစကားတစ်ခုကိုပြောလျက် လျှောက်သွားနေသည်ကို လူတို့တွေ့ခဲ့သည်။ သူမကို တောင်းရမ်းစားသူဟု ယူဆ၍ အာဏာပိုင်များက သူ့ကို ထောင်ထဲ ထည့်ထားလိုက်သည်။ သို့သော်လည်း သူမက သူမသည်ဂျာဗာစုကျွန်း (Javasu)မှ မင်းသမီး ကာရာဘူး(Caraboo) ဖြစ်သည်ဟု အာဏာပိုင်များကို စည်းရုံးခဲ့သည်။ သူမသည် မယ်ရီဝေးလ်ကော့စ် (Mary Willcocks) ဟုခေါ်သော အစေခံမလေးဖြစ်သည်ဟု အဆောင်ပိုင်ရှင်တစ်ဦးက မဖော်ထုတ်ခင်အထိ မြို့သူမြို့သားများက သူမကို ရက်သတ္တပတ် (၁၀) ပတ်ခန့်မျှ တော်ဝင်မျိုးနွယ်ကဲ့သို့ ဆက်ဆံခဲ့ကြသည်။
ဤမိန်းမငယ်လေးသည် ရပ်ရွာတစ်ခုလုံးကို ၃ လနီးပါးကြာအောင် မည်ကဲ့သို့ လှည့်စားခဲ့ပါလိမ့်ဟု ကျွန်ုပ်တို့ တွေးမိလိမ့်မည်။ သို့သော်လည်း လှည့်စားခြင်းသည် အသစ်အဆန်းမဟုတ်ကြောင်းကို ၂ ယော ၌ “…
ဆေးရုံ၌ တစ်နေကုန် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော်လည်း ငယ်ရွယ်ပြီး ထက်မြက်သော ၁၉ နှစ်အရွယ် လူငယ်လေး၏ဖျားနာရသည့်အကြောင်းရင်း အဖြေကို ရှာမရသေးပါ။ စိတ်ပျက်အားလျော့လျက် မိသားစုမှ အိမ်သို့ ပြန်လာခဲ့ကြသည်။ အိမ်လှေကားထစ်တွင် လှပစွာ ပြင်ဆင်ထားပြီး ဟေရှာ ၄၃:၂ ကျမ်းပိုဒ်ကို ဘူးပေါ်၌ ကပ်ထားသည့် ဘူးတစ်ဘူးကို တွေ့လိုက်ရ၍ သူတို့ အံ့ဩသွားသည်။ ဘူးထဲတွင် မိတ်ဆွေ များ၏ လက်ရေးဖြင့် ရေးထားသော ခွန်အားယူစရာ ကျမ်းပိုဒ်အမျိုးမျိုးကို တွေ့ရသည်။ စာနာတတ်သောမိတ်ဆွေများ၏အပြုအမူနှင့် ကျမ်းချက်များအားဖြင့် မိသားစုမှာ ပြန်လည်ခွန်အားရခဲ့ ကြသည်။
ခက်ခဲချိန်များ (သို့) မိသားစု၏အခက်အခဲများ ကြုံနေရသူတို့အနေဖြင့် စိတ်နှလုံးကို တစ်ဖန်အားဖြည့် တည်ဆောက်နိုင်ပါသည်။ ကျမ်းစာတစ်ပိုဒ်လုံးဖြစ်စေ၊ ကျမ်းချက်လေးတစ်ချက်ကပင် သင်၊ မိတ်ဆွေတစ်ဦး၊ မိသားစုတစ်စုအတွက် ခွန်အားပေးနိုင်သည်။ ဟေရှာ ၄၃ ၌ ခွန်အားယူစရာ ကျမ်းချက်လေးများဖြင့် ပြည့်နေပြီး တစ်ဦးချင်းစီ…
“ဒုတိယအကြိမ်မွေးဖွားခြင်းဆိုတာ ဘာလဲ။ ဘယ်လိုအဓိပ္ပာယ်ရှိလဲ။ အဲဒီစကားလုံးကို အရင်က တစ်ခါမှ မကြားဖူးခဲ့ဘူး” ဟု စျာပနဦးစီးမှူးက မေးလာသည်။ ထိုအခွင့်အရေးကို အမိအရ စွဲကိုင်လျက် ကွယ်လွန်သူ၏သားဖြစ်သူက ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ ပါ နှုတ်ကပတ်တော်မှ ဒုတိယမွေးခြင်း၏ အဓိပ္ပာယ်ကို ရှင်းပြခဲ့သည်။
“ကျွန်တော်တို့အားလုံး ဒီလောကထဲမှာ တစ်ကြိမ်တစ်ခါ မွေးဖွားလာခဲ့ကြတယ်ဆိုတာက သေချာတဲ့ အချက်အလက်တစ်ခုပဲ။ ကျွန်တော်တို့ရဲ့ ကောင်းတဲ့လုပ်ရပ်တွေနဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို ချိန်တွယ်တဲ့ မှော်ချိန်ခွင်မျိုး ဘုရားသခင်ဆီမှာ မရှိပါဘူး။ ကျွန်တော်တို့တတွေ ဝိညာဥ်တော်ကနေ မွေးဖွားဖို့ ဘုရားအလိုရှိတာဖြစ်တယ်။ ဒါကြောင့် ကားတိုင်ပေါ်မှာ ရှင်ယေရှု အသေခံခြင်းဖြင့် ကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေကို ဆပ်ပေးပြီး သူနဲ့အတူ ထာဝရအသက်ကို ပိုင်ဆိုင်ရရှိစေခဲ့တယ်။ အဲဒါကို ကိုယ့်ဘာကိုယ် လုပ်ယူလို့မရဘူး” ဟု သူက ပြောပြခဲ့သည်။
ရှင်ယောဟန်ခရစ်ဝင် ၃ ၌ နိကောဒင်သည် ထိုအကြောင်းအရာအားလုံးကို…